ငဝန်မြစ်ရေတိုက်စားမှုကြောင့် ပုသိမ်ကမ်းနား အပန်းဖြေနေရာတွင် ပေ ၁၃၀ ခန့် အက်ကွဲမှုဖြစ်ပေါ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသော အများပြည်သူအပန်းဖြေ ပလက်ဖောင်းနှင့် ရင်ပြင်ဧရိယာအတွင်း မြစ်ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အလျားပေ ၁၃၀ ခန့် ရှည်လျားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
အဆိုပါနေရာမှာ ဒေသခံများနှင့် ပြည်သူများ အပန်းဖြေရန်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖန်တီးထားသည့် အများသုံးနေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် မြေပြင်အက်ကွဲမှုများကြောင့် လုံခြုံရေးအန္တရာယ် ရှိလာနိုင်သည့်အတွက် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားပြီး လိုအပ်သည့် ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့အပြင် ကမ်းထိန်းနံရံ ထပ်မံထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် တိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ယင်းအက်ကွဲမှုဖြစ်ပေါ်နေသည့် အခြေအနေနှင့် လုံခြုံရေးဆောင်ရွက်ချက်များကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ဇွန်လ ၂၂ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
#သုတမြေ #ရေကြီး #သုတရသ #သတင်းထူးသတင်းဦး #ငဝန်မြစ်
See less
