Logo
Monday, November 9, 2026
Back to Home
International News

နိုင်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျ၊ လူ ၃၂ ဦး သေဆုံး

By Admin•October 6, 2026
နိုင်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျ၊ လူ ၃၂ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ်ရှိ ဒေသခံအသိုင်းအဝိုင်းတစ်ခုအနီး စစ်လေယာဉ်ပျက်ကျခဲ့မှုတွင် လေယာဉ်ပေါ် လိုက်ပါသူ ၃၂ ဦးစလုံး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူက တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါစစ်လေယာဉ်ပေါ်တွင် ခရီးသည် ၂၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး စုစုပေါင်း ၃၂ ဦး လိုက်ပါခဲ့ပြီး အွန်ဒိုပြည်နယ်အတွင်းရှိ မြစ်ချောင်းများပေါများသော အစ်ဂ်ဘိုကိုဒါ (Igbokoda) ဒေသ၊ ရေတပ်စခန်းအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းနှင့် အာကာသဖွံ့ဖြိုးရေးဝန်ကြီး ဖက်စတပ်စ် ကီယာမိုက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

838804547_1104008802379481_5158255860118929977_n

သီးခြားထုတ်ပြန်ချက်တစ်ရပ်တွင် သမ္မတတီနူဘူက အဆိုပါဖြစ်ရပ်သည် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံတစ်ဝန်းလုံးအတွက် အလွန်နာကျင်ဝမ်းနည်းဖွယ်အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လေတပ်ဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုကို “ဘယ်တော့မှ မမေ့ပျောက်စေရ” ဟုလည်း ဆိုသည်။

နိုင်ဂျီးရီးယားလေတပ်၏ အစောပိုင်းထုတ်ပြန်ချက်အရ ပျက်ကျခဲ့သည့် လေယာဉ်မှာ ယခင်က ယူဆထားသကဲ့သို့ ရဟတ်ယာဉ်မဟုတ်ဘဲ အင်ဂျင်နှစ်လုံးတပ် တာဘိုပရော့ လေယာဉ်ဖြစ်ကြောင်း သိရသည်။ ATR-42 အမျိုးအစား အဆိုပါလေယာဉ်သည် နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း ဘီနင်မြို့မှ လာဂို့စ်မြို့သို့ ပုံမှန်တာဝန်ဖြင့် ပျံသန်းနေစဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေတပ်က ပြောကြားခဲ့သည်။

836250352_3015190372166099_8221116320461007464_n

လေယာဉ်ပျက်ကျပြီးနောက် ချက်ချင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် လေတပ်၏ လုပ်ဆောင်ချက်ကို သမ္မတတီနူဘူက ချီးကျူးခဲ့သည်။

#သုတမြေ #နိုင်ငံတကာ #နိုင်ဂျီးရီးယား #လေယာဉ် #ပျက်ကျ