Logo
Monday, November 9, 2026
Back to Home
Local News

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတွင် မိုးကြီးနိုင်

By Admin•October 5, 2026
မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတွင် မိုးကြီးနိုင်

၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

အထူးသဖြင့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးရွာနိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့် ရှိနိုင်သည်။

နောက် ၂ ရက်အတွင်း နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းအောက်ပိုင်း၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

မြို့ကြီးများအနေဖြင့် နေပြည်တော်တွင် မိုးရွာနိုင်ခြေ ၈၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၀ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၈၀ ရာခိုင်နှုန်းရှိပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

#မိုးလေဝသ #သုတမြေ #သတင်းစုံ #မိုးကြီး