ပတ္တယားတွင် လိင်ပြောင်းလူငယ်နှစ်ဦးက သြစတြေးလျခရီးသွားအား ဓ ား ထိုးလု ယ က်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် သြစတြေးလျနိုင်ငံသား ခရီးသွားတစ်ဦးအား ဓ ားဖြင့်ထိုးကာ ငွေလုယ က်မှုဖြစ်ပွားခဲ့ပြီးနောက် လိင်ပြောင်းလူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပတ္တယားမြို့ရဲစခန်းမှ စုံစမ်းရေးအဖွဲ့နှင့် Tourist Police ပူးပေါင်းကာ မေ ၅ ရက် ည ၈ နာရီကျော်တွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် လိင်ပြောင်းလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည်ဟု ယူဆရသော က တ်ကြေးတစ်လက်နှင့် ငွေသားအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် ညပိုင်းတွင် ပတ္တယားတောင်ပိုင်းရှိ ဟိုတယ်တစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၄၅ နှစ်အရွယ် သြစတြေးလျနိုင်ငံသားတစ်ဦးက အမျိုးသမီးများဟု ယူဆထားသည့် လူနှစ်ဦးကို ၎င်း၏ ဟိုတယ်ခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် ၎င်းတို့မှာ လိင်ပြောင်းထားသူများဖြစ်ကြောင်း သိရှိသွားရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး၊ သံသယရှိသူတစ်ဦးက ခရီးသွားကို ရေချိုးခန်းအတွင်းသို့ တွန်းပို့ကာ ချွ န်ထက်သောအရာဖြင့် ရင်ဘတ်နှင့် ပခုံးပိုင်းတို့ကိုထို း ခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့နောက် သံသယရှိသူများက သြစတြေးလျဒေါ်လာ ၆,၀၀၀ ခန့်နှင့်ညီမျှသည့် ထိုင်းဘတ်ငွေ ၁၄၀,၀၀၀ ဝန်းကျင်ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် ခရီးသွားမှာ ဆေးကုသမှုခံယူပြီးနောက် ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ CCTV မှတ်တမ်းများကို အခြေခံကာ စုံစမ်းရှာဖွေခဲ့သည့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအနီးရှိ ကွန်ဒိုမီနီယံတစ်ခုတွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် လိင်ပြောင်းလူငယ်နှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားပြီး၊ “ညအချိန်တွင် လ က်နက်အသုံးပြုကာ အုပ်စုဖွဲ့လုယက်မှု” ဖြင့် အရေးယူထားကြောင်း သိရသည်။
ပတ္တယားရဲတပ်ဖွဲ့က ယင်းကဲ့သို့သော ဖြစ်စဉ်များသည် ပတ္တယားမြို့၏ ခရီးသွားလုံခြုံရေးပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်းနှင့် ဟိုတယ်ခန်းများကဲ့သို့ သီးသန့်နေရာများအတွင်း ဖြစ်ပွားသည့်မှုခင်းများကို ကြိုတင်ကာကွယ်ရန် ခက်ခဲကြောင်း ပြောကြားထားသည်။
#တိုက်ခိုက် #နိုင်ငံတကာ #သတင်းထူးသတင်းဦး #သုတမြေ See less
