ပျဉ်းမနား ငလိုက်လက်တံရေမြောင်းတွင် ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့သည့် ရဲတပ်သား သေဆုံးလျက် ပြန်လည်တွေ့ရှိ
နေပြည်တော်၊ ပျဉ်းမနားမြို့ မဲဇလီကုန်းကျေးရွာအနီးရှိ ငလိုက်လက်တံရေမြောင်းအတွင်း ရေဆင်းကူးရာမှ ပျောက်ဆုံးသွားခဲ့သည့် ရဲတပ်သားတစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ တိုင်းအကူတပ်ခွဲမှ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ဆက်ပိုင်စိုးဖြစ်ပြီး ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့်အတူ သုံးဘီးယာဉ်ဖြင့် သွားရောက်ကာ အဆိုပါ ရေမြောင်းအတွင်း ရေဆင်းကူးခဲ့ရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အပြီး လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၉ နာရီခန့်တွင် ရဲတပ်သား ဆက်ပိုင်စိုး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့နယ်ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
ရုပ်အလောင်းတွေ့ရှိပြီးနောက် သက်ဆိုင်ရာ တိုင်းအကူတပ်ခွဲသို့ အကြောင်းကြားကာ ပျဉ်းမနား ခုတင် ၂၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ နာရေးအစီအစဉ်ကို ဇွန်လ ၁၃ ရက် နေ့လယ် ၁ နာရီတွင် နေပြည်တော် တိုင်းအကူတပ်ခွဲ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပုံ - MFSD
#ရေနစ် #သေဆုံး #သုတမြေ #သတင်းစုံ
See less
