မန္တလေးမြို့နယ် (၄) ခုတွင် လျှပ်စစ်ယာယီပြတ်တောက်မည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဓာတ်အားပိတ်ထားရခြင်းမှာ ဓာတ်အားလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံများ၏ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လုပ်ငန်းများအနက် ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် Switch Bay များအား စစ်ဆေးပြုပြင်ခြင်းအပြင် အောင်ပင်လယ်နှင့် မြောက်ပြင်ပင်မဓာတ်အားခွဲရုံများမှ ဖြန့်ဖြူးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းရှင်းလင်းခြင်းနှင့် ချို့ယွင်းပစ္စည်းများ အစားထိုးပြုပြင်ခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။
သို့ဖြစ်၍ သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူများအနေဖြင့် လျှပ်စစ်အသုံးပြုမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားကြောင်း သိရသည်။
#သုတမြေ #လျှပ်စစ် #သတင်းထူးသတင်းဦး #မန္တလေး
See less
