Logo
Sunday, November 8, 2026
Back to Home
Local News

ရေမြောင်းဆင်းရှင်းသည့် စည်ပင်ဝန်ထမ်း ရေစီးနှင့်မျောပါပိတ်မိ၊ မီးသတ်တပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့

By Admin•November 5, 2026
ရေမြောင်းဆင်းရှင်းသည့် စည်ပင်ဝန်ထမ်း ရေစီးနှင့်မျောပါပိတ်မိ၊ မီးသတ်တပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ် ပိတ်ဆို့နေသော ရေမြောင်းအတွင်း ဆင်းရှင်းပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦး ရေစီးနှင့်အတူ မျောပါကာ ရေမြောင်းအတွင်း ပိတ်မိခဲ့သော်လည်း မီးသတ်တပ်ဖွဲ့က အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခန့်က အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရေမြောင်းပိတ်ဆို့မှုကို စည်ပင်ဝန်ထမ်း ဦးကျော်မင်းသူက ဆင်းရှင်းပေးနေစဉ် မိုးရေစီးသန်လာသဖြင့် ရေနှင့်အတူ မျောပါသွားပြီး ရေမြောင်း၏ တစ်ဖက်အပေါက်တွင် ပိတ်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ချမ်းအေးသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၁၁ မိနစ်ခန့်တွင် ဦးကျော်မင်းသူကို ထိခိုက်မှုအန္တရာယ်မရှိဘဲ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

#သုတမြေ #သတင်းထူးသတင်းဦး #စည်ပင်