Health
အပူရှိန်လွန်ကဲမှုကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လဲကျသေဆုံး
By Admin•October 12, 2026
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။ အပူလွန်ကဲမှုကြောင့် လဲကျနေကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီခဲ့သော်လည်း ရောက်ရှိချိန်တွင် အမျိုးသားမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့က မှတ်တမ်းယူစစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
