Logo
Monday, November 9, 2026
Back to Home
International News

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ "ကျားဖြန့်" စခန်းတွင် မြေအောက်အကျဉ်းခန်းများတွေ့ရှိ

By Admin•September 8, 2026
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ "ကျားဖြန့်" စခန်းတွင် မြေအောက်အကျဉ်းခန်းများတွေ့ရှိ

ထိုင်း-ကမ္ဘောဒီးယားအခြေအနေဆိုင်ရာ ပူးတွဲသတင်းအချက်အလက်စင်တာ (JIC) ညွှန်ကြားရေးမှူး Air Chief Marshal Prapas Sornchaidee ဦးဆောင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံ ဆူရင်ပြည်နယ် Kap Choeng ခရိုင်ရှိ O Smach-Chong Chom နယ်စပ်ဧရိယာကို စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၁၆၀ ကျော် ပါဝင်သည့် စခန်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

800950448_1831920724796259_1448761149361289892_n

အဆိုပါစခန်းတွင် အမေရိကန်၊ ဥရောပ၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ လူများကို ပစ်မှတ်ထားလိမ်လည်ခဲ့သည့် Zone E ကို အဓိကတွေ့ရှိခဲ့ပြီး တရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသည့် လိမ်လည်မှုလမ်းညွှန်စာများကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ချစ်ရေးဆက်ဆံမှုကို အသုံးချ၍ ငွေလိမ်ခြင်း၊ စစ်ဘက်အရာရှိများအဖြစ် ဟန်ဆောင်ခြင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားခြင်းတို့ ပါဝင်သည်။

800066851_2007158353289575_6480110001781180722_n

ထို့အပြင် လိမ်လည်မှုပစ်မှတ်များကို မပြည့်မီသည့်အလုပ်သမားများနှင့် ထွက်ပြေးရန်ကြိုးပမ်းသူများကို အပြစ်ပေးရန် အသုံးပြုခဲ့သည့် မြေအောက်အကျဉ်းခန်း ၁၂ ခန်းကို တွေ့ရှိခဲ့ပြီး အခန်းများအတွင်း နှိပ်စက်ကိရိယာများနှင့် CCTV စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ထားကြောင်း သိရသည်။ အဆိုပါစခန်းတွင် အလုပ်လုပ်သူအများအပြားမှာ လူကုန်ကူးခံရသူများ ဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဝင်းအတွင်း ဆေးရုံ၊ ကာစီနို၊ ကာရာအိုကေများနှင့် ဟိုတယ်များပါဝင်သည့် အဆောက်အအုံများလည်း ရှိခဲ့ပြီး ဆေးရုံကို စစ်ရေးအခြေစိုက်နေရာနှင့် ဒရုန်းလွှတ်တင်ရာနေရာအဖြစ် အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက ပြောသည်။

JIC က အဆိုပါ O Smach စခန်းသည် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့်နေရာဖြစ်ပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာမှ လူထောင်ပေါင်းများစွာကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိကအခြေစိုက်နေရာတစ်ခုဖြစ်ကြောင်း ပြောကြားထားသည်။

#သုတမြေ #လူကုန်ကူး #သတင်းထူးသတင်းဦး #ကျားဖြန့်