Logo
Monday, November 9, 2026
Back to Home
Local News

ရန်ကုန်တွင် အင်အား ၃.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူအချို့ အဆောက်အအုံများမှ ပြေးဆင်း

By Admin•July 4, 2026
ရန်ကုန်တွင် အင်အား ၃.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူအချို့ အဆောက်အအုံများမှ ပြေးဆင်း

ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်မြို့တွင် ယနေ့ ဇူလိုင် ၄ ရက် နံနက် ၆ နာရီ ၅၁ မိနစ်ခန့်က အင်အား ၃ ဒသမ ၅ (ရစ်ခ်တာစကေး) ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်ခန်းများ၊ ရုံးအဆောက်အအုံများနှင့် ကွန်ဒိုများတွင် နေထိုင်သူအချို့မှာ လုံခြုံရေးအတွက် အဆောက်အအုံများမှ အလျင်အမြန် ဆင်းပြေးခဲ့ကြကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါငလျင်သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အနက် ၁၅ ကီလိုမီတာတွင် နံနက် ၆ နာရီ ၅၁ မိနစ် ၈ စက္ကန့်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် နေရာအချို့တွင် လှုပ်ခတ်မှုကို သိသာစွာ ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ချိန်တွင် အဆောက်အအုံများ လှုပ်ယမ်းမှုကို သိသိသာသာ ခံစားရသဖြင့် ပြည်သူများက ဓာတ်လှေကားအသုံးမပြုဘဲ လှေကားများမှတစ်ဆင့် အောက်ထပ်သို့ အလျင်အမြန် ဆင်းခဲ့ကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်မှ ဒေသခံတစ်ဦးက "မနက် ၆ နာရီ ၅၀ လောက်မှာ အဆောက်အအုံတစ်ခုလုံး လှုပ်သွားတာ သိသာတယ်။ အားလုံးက ငလျင်လှုပ်တယ်ဆိုပြီး ချက်ချင်းအောက်ကို ဆင်းပြေးကြတယ်" ဟု ပြောသည်။

#သုတမြေ #ငလျင် #ရန်ကုန်

See less