Logo
Monday, November 9, 2026
Back to Home
International News

ထိုင်းတွင် မြန်မာအလုပ်သမား ၅၉ ဦး ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရ

By Admin•October 19, 2026
ထိုင်းတွင် မြန်မာအလုပ်သမား ၅၉ ဦး ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် နာနတ်သီးစက်ရုံမှ မြန်မာအလုပ်သမား ၇၀ ကျော်ကို နေထိုင်ရာအဆောင်သို့ ပို့ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီး အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက လမ်းဘေးချောက်အတွင်း တိမ်းမှောက်ခဲ့ရာ အလုပ်သမား ၅၉ ဦး ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါမတော်တဆမှုသည် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဘိုထောင်မြို့နယ်၊ ဆူဝမ်ဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဘိုထောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဒဏ်ရာရသူများအနက် ၉ ဦးမှာ အရေးပေါ်ကုသမှုလိုအပ်ပြီး ၁၄ ဦးမှာ အသေးစားဒဏ်ရာများ ရရှိခဲ့သည်။ ကျန် ၃၆ ဦးမှာလည်း ကိုယ်တိုင်ဆေးရုံသို့ သွားရောက်ကုသမှုခံယူခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ယာဉ်မောင်း၏ ပြောကြားချက်အရ အလုပ်သမားများကို ပို့ဆောင်စဉ် ဘရိတ်စနစ်ချို့ယွင်းခဲ့သဖြင့် ယာဉ်ထိန်းချုပ်မှုလွတ်ကာ လမ်းဘေးသို့ ထွက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ယာဉ်၏ဘရိတ်စနစ်နှင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာရသူ စုစုပေါင်းအရေအတွက်ကိုလည်း အတည်ပြုလျက်ရှိသည်။

#သုတမြေ #သတင်း #ထိုင်း #မြန်မာအလုပ်သမား #ကားမှောက်