Logo
Monday, November 9, 2026
Back to Home
International News

လူနာများကို သံလှောင်အိမ်ဖြင့် ထားရှိသည့် ထိုင်းစောင့်ရှောက်ရေးဂေဟာကို စစ်ဆေး

By Admin•October 8, 2026
လူနာများကို သံလှောင်အိမ်ဖြင့် ထားရှိသည့် ထိုင်းစောင့်ရှောက်ရေးဂေဟာကို စစ်ဆေး

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်၊ Tha Muang မြို့နယ်ရှိ သက်ကြီးရွယ်အိုနှင့် စိတ်ကျန်းမာရေးလူနာများ စောင့်ရှောက်ရေးဂေဟာတွင် လူနာများကို ကိုယ်ထိလက်ရောက် ပြုမူခြင်းနှင့် ဆန္ဒမပါဘဲ ပိတ်လှောင်ထားခြင်းများရှိသည်ဟု တိုင်ကြားချက်ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်တွင် သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဆိုပါစစ်ဆေးမှုမှာ ရုပ်သံအစီအစဉ် Hone Krasae တွင် ယခင်နေထိုင်ခဲ့သူတစ်ဦးက ဂေဟာတွင် မိမိဆန္ဒမပါဘဲ ၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ကိုယ်ထိလက်ရောက် ပြုမူခံခဲ့ရကြောင်း တိုင်ကြားခဲ့ပြီးနောက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

841398148_1414724864131877_613271203283138990_n

ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် အခန်းများနှင့် အိပ်ရာအချို့ကို သံတိုင်များဖြင့် လှောင်အိမ်ပုံစံပြုလုပ်ထားပြီး အပြင်ဘက်မှ သော့ခတ်ထားနိုင်တာ တွေ့ရှိခဲ့ပါတယ်။ ဂေဟာအပြင်ဘက်ကိုလည်း သံဆူးကြိုးများနှင့် သံဘောင်များဖြင့် ကာရံထားပါတယ်။

အဆိုပါဂေဟာတွင် လူနာ ၉၂ ဦး၊ စောင့်ရှောက်ရေးဝန်ထမ်း ၁၉ ဦးရှိပြီး ပိုင်ရှင်က ဂေဟာမှာ တရားဝင်လိုင်စင်ရရှိထားကြောင်း ရဲတပ်ဖွဲ့ထံ ပြသခဲ့ပါတယ်။ သံလှောင်အိမ်များကို စိတ်ကျန်းမာရေးအခြေအနေ ပြင်းထန်သည့် လူနာများအတွက်သာ အသုံးပြုခြင်းဖြစ်ပြီး လူနာများ ပစ္စည်းဖျက်ဆီးခြင်း၊ အချင်းချင်းတိုက်ခိုက်ခြင်းနှင့် အပြင်ထွက်သွားခြင်းများကို ကာကွယ်ရန်ဖြစ်ကြောင်း ပိုင်ရှင်က ရှင်းပြခဲ့ပါတယ်။

839651481_1780759756305152_6723609992861802774_n

ရဲတပ်ဖွဲ့က လက်ရှိတွင် CCTV မှတ်တမ်းများ၊ ဝန်ထမ်းများနှင့် လူနာများ၏ ထွက်ဆိုချက်များကို စုဆောင်းစစ်ဆေးနေပြီး မတရားပိတ်လှောင်ခြင်းနှင့် ကိုယ်ထိလက်ရောက် ပြုမူခြင်းများ အမှန်တကယ်ရှိ၊ မရှိကို စုံစမ်းနေပါတယ်။ ဥပဒေချိုးဖောက်မှု အတည်ပြုနိုင်ပါက တာဝန်ရှိသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပါတယ်။

#သုတမြေ #သတင်းထူး #ထိုင်း #ဂေဟာ