Logo
Monday, November 9, 2026
Back to Home
Local News

ရထားလမ်းဖြတ်ကူးမှုကြောင့် နှစ်ရက်ဆက် မတော်တဆဖြစ်၊ လူ ၄ ဦးသေဆုံး

By Admin•September 15, 2026
ရထားလမ်းဖြတ်ကူးမှုကြောင့် နှစ်ရက်ဆက် မတော်တဆဖြစ်၊ လူ ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်–ပဲခူး ရထားလမ်းပိုင်း၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြား တရားမဝင် ရထားလမ်းဖြတ်ကူးနေရာတွင် စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့် ထွန်စက် တိုက်မိခဲ့ပြီး ထွန်စက်ပေါ်ပါ အသက် ၃၀ ဝန်းကျင် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် ရထားနှင့် တိုက်မိမှုကြောင့် ထွန်စက်မှာ နှစ်ပိုင်းပြတ်ကာ ထွန်စက်နှင့်အတူ သယ်ဆောင်လာသည့် ဆိုင်ကယ်လည်း ပျက်စီးခဲ့သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို မြို့ခံပရဟိတအသင်းများက ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

DEMU ရထား၏ ရထားခေါင်းပိုင်းနှင့် ရှေ့မှန်များ ပျက်စီးခဲ့သော်လည်း ရထားတွဲချော်မှုမရှိသည့်အပြင် ရထားပေါ်ပါ ခရီးသည်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

810699857_1757794032125221_7259235833961079201_n

ယင်းမတိုင်မီ စက်တင်ဘာ ၁၃ ရက်ကလည်း အမှတ် (၅) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် တိုက်မိခဲ့ရာ ဘုန်းကြီးတစ်ပါးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သဖြင့် နှစ်ရက်အတွင်း ရထားလမ်းဖြတ်ကူးမှုနှင့် ဆက်စပ်၍ လူ ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ရထားလမ်းဖြတ်ကူးသူများအနေဖြင့် တရားမဝင် လမ်းကူးနေရာများကို အသုံးမပြုဘဲ သတ်မှတ်စည်းကမ်းများနှင့် လုံခြုံရေးအချက်များကို လိုက်နာရန် လိုအပ်နေကြောင်း သိရသည်။

#သုတမြေ #သတင်းထူးသတင်းဦး #ရထား #DEMU