Logo
Monday, November 9, 2026
Back to Home
International News

ထိုင်းတွင် အသက် ၉ နှစ်အရွယ် မိန်းကလေး မိခင်ဖြစ်လာ

By Admin•September 24, 2026
ထိုင်းတွင် အသက် ၉ နှစ်အရွယ် မိန်းကလေး မိခင်ဖြစ်လာ

ဘန်ကောက်

ထိုင်းနိုင်ငံတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ကလေးမွေးဖွားခဲ့သည့် ဖြစ်ရပ်ကို လူငယ်များအကြား အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှု ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပက်ချာဘွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အရ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သမီးကလေးတစ်ဦးကို မွေးဖွားခဲ့ပြီး ကလေး၏ မွေးစာရင်းမှတ်ပုံတင်ရန် လာရောက်လျှောက်ထားရာတွင် မိခင်၏အသက်နှင့် ကလေး၏ မိခင်ဖြစ်ကြောင်း ဆေးရုံမှ အတည်ပြုပေးခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ကျန်းမာရေးတာဝန်ရှိသူများက အသက်ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်ကာ ကလေးမွေးဖွားနိုင်ခြေ ရှိသော်လည်း အသက်အရွယ်ကြောင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ရှိနိုင်ကြောင်း ရှင်းပြခဲ့သည်။

အလားတူ အူဒွန်သာနီပြည်နယ်တွင်လည်း အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး မိခင်ဖြစ်ခဲ့ပြီး ကလေး၏ ဖခင်မှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးဖြစ်ကြောင်း Health Promotion Center 8 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်ကို စက်တင်ဘာ ၂၃ ရက်က Udon Thani Rajabhat University တွင် ကျင်းပခဲ့သည့် “Safe Love Smart Life” အလုပ်ရုံဆွေးနွေးပွဲ၌ လူငယ်များအကြား အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှု ကာကွယ်ရေးအတွက် နမူနာဖြစ်ရပ်အဖြစ် တင်ပြခဲ့ခြင်း ဖြစ်သည်။

Khaosod English news

#သုတမြေ #သတင်းစုံ #နိုင်ငံတကာ