Logo
Monday, November 9, 2026
Back to Home
Local News

နေပြည်တော်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

By Admin•July 10, 2026
နေပြည်တော်တွင်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်မြောက်ကျေးရွာတွင် ဇူလိုင် ၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းနေစဉ် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံးခန့်၏ အမိုးသွပ်များ လန်ထွက်ခြင်း၊ ထရံများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်အပြီးတွင် ပုဗ္ဗသီရိမြို့နယ် မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာတော်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူ ၃၀ ခန့် ပူးပေါင်း၍ ပျက်စီးနေသော နေအိမ်များကို ကူညီရှင်းလင်းပေးခြင်း၊ လမ်းမများပေါ်သို့ လဲကျနေသော သစ်ပင်များကို ဖယ်ရှားရှင်းလင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ လေပြင်းတိုက်ခတ်မှုမှာ အချိန်တိုအတွင်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့သဖြင့် အသက်အန္တရာယ် ကြီးမားသည့် ဖြစ်စဉ်များ မကြုံတွေ့ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ပုံ - MFSD

#ရာသီဥတု #လေပြင်း #သုတမြေ #သတင်း

See less