Logo
Tuesday, November 10, 2026
Back to Home
International News

အသက် ၁၀၇ နှစ်အရွယ် ထိုင်းအားကစားသမား ကမ္ဘာ့စံချိန်သစ်တင်ကာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး

By Admin•September 1, 2026
အသက် ၁၀၇ နှစ်အရွယ် ထိုင်းအားကစားသမား ကမ္ဘာ့စံချိန်သစ်တင်ကာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး

တောင်ကိုရီးယားနိုင်ငံ၊ ဒဲဂူးမြို့တွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့မာစတာ အားကစားပြိုင်ပွဲတွင် အသက် ၁၀၇ နှစ်အရွယ် ထိုင်းအားကစားသမား ဆဝမ်း (Sawang) သည် ရွှေတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ပြီး မိမိကိုယ်တိုင်ပိုင်ဆိုင်ထားသည့် ကမ္ဘာ့စံချိန်ကိုလည်း ထပ်မံချိုးဖျက်နိုင်ခဲ့သည်။

790425775_907804438723589_1377015409030064079_n

ဆဝမ်းသည် အမျိုးသား အသက် ၁၀၀ နှစ်နှင့်အထက် အမျိုးအစား ဒစ်စကပ်ပစ်ပြိုင်ပွဲတွင် အကောင်းဆုံးပစ်ချက်အဖြစ် ၇ ဒသမ ၅၉ မီတာ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ထိုင်ဝမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့မာစတာ အားကစားပြိုင်ပွဲ၌ ၇ ဒသမ ၅၀ မီတာဖြင့် တင်ထားခဲ့သော ၎င်း၏ယခင်ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ် ၂၉ ရက်တွင် ကျင်းပသည့် အမျိုးသား အသက် ၁၀၀ နှစ်နှင့်အထက် လှံတံပစ်ပြိုင်ပွဲ၌လည်း ဆဝမ်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၎င်း၏ အသက်အမျိုးအစားတွင် အခြားပြိုင်ဘက်မရှိသဖြင့် တစ်ဦးတည်းယှဉ်ပြိုင်ခဲ့ရသော်လည်း လှံတံကို ၁၀ ဒသမ ၀၄ မီတာအထိ ပစ်နိုင်ခဲ့ကာ ဒုတိယမြောက် ရွှေတံဆိပ်ကို ရရှိခဲ့သည်။

790366490_1092076826579656_1029170397591260018_n

ပြိုင်ပွဲအပြီးတွင် ဒဲဂူးမြို့တော်ဝန်က ဆဝမ်းအား ကမ္ဘာ့အသက်အကြီးဆုံး ပြေးခုန်ပစ်အားကစားသမားအဖြစ် အသိအမှတ်ပြုသည့် အထူးဆုတစ်ရပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

#သုတမြေ #သတင်းစုံ #ထိုင်း