Logo
Sunday, November 8, 2026
Back to Home
International News

ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်သည့်ပုံ တင်ခဲ့သော မြန်မာအလုပ်သမားကို အလုပ်မှထုတ်ပယ်

By Admin•October 28, 2026
ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်သည့်ပုံ တင်ခဲ့သော မြန်မာအလုပ်သမားကို အလုပ်မှထုတ်ပယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တစ်ပတ်ရစ်အဝတ်အထည်ရောင်းချသည့် TY Store က ထိုင်းတော်ဝင်မိသားစုကို လှောင်ပြောင်ထားသည့် ပြုပြင်ဖန်တီးထားသောပုံကို အွန်လိုင်းပေါ်တင်ခဲ့သည်ဟု စွပ်စွဲခံရသည့် မြန်မာအလုပ်သမား ဦးညီညီလွင်ကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် မကြာမီထုတ်လွှင့်မည့် Scarlet Heart Thailand ဇာတ်လမ်းတွဲ၌ ပါဝင်သော ရိုးရာဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများအပေါ် မြန်မာအင်တာနက်အသုံးပြုသူအချို့က ဝေဖန်နေကြသည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

864594244_2041553333167648_2763414005909961055_n

TY Store က အောက်တိုဘာ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါဝန်ထမ်းသည် ကုမ္ပဏီ၏ ကျင့်ဝတ်စည်းကမ်းများနှင့် လုပ်ငန်းခွင်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အလုပ်မှ ချက်ချင်းထုတ်ပယ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယင်းဖြစ်စဉ်အတွက် ကုမ္ပဏီအနေဖြင့် အလွန်စိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Thaiger news

#ထိုင်း #သတင်းထူးသတင်းဦး #သုတမြေ #သုတရသ