Logo
Thursday, May 14, 2026
Back to Home
International News

" · ဘင်္ဂလားဒေ့ရှ်တွင် စွမ်းအင်ချွေတာရေးအတွက် မင်္ဂလာပွဲအလှမီးများထွန်းခြင်း တားမြစ်"

By AdminApril 5, 2026
" · ဘင်္ဂလားဒေ့ရှ်တွင် စွမ်းအင်ချွေတာရေးအတွက် မင်္ဂလာပွဲအလှမီးများထွန်းခြင်း တားမြစ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသည့် အခြေအနေကို ရင်ဆိုင်နေရသဖြင့် စွမ်းအင်အသုံးပြုမှု လျှော့ချရန် အရေးပေါ်အရေးယူမှုများကို ဧပြီ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်လိုက်ပါတယ်။
နိုင်ငံအနေဖြင့် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းခန့်ကို အရှေ့အလယ်ပိုင်းမှ အဓိကတင်သွင်းနေရပြီး၊ ထောက်ပံ့ရေးလိုင်းများ မတည်ငြိမ်နိုင်ခြင်းကြောင့် အနာဂတ်တွင် စွမ်းအင်မလုံလောက်မှု ဖြစ်ပေါ်နိုင်ကြောင်း စိုးရိမ်မှုများရှိနေပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကိုလည်း တင်သွင်းလာသော ဓာတ်ငွေ့အပေါ် မူတည်ထားပြီး၊ ဒီဇယ်လောင်စာကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုနေပါတယ်။
အဆိုပါအခြေအနေကြောင့် အစိုးရက အစိုးရရုံးများ၊ ပုဂ္ဂလိကရုံးများနှင့် ဘဏ်များ၏ လုပ်ချိန်ကို တစ်နာရီလျှော့ချခဲ့ပြီး ရုံးများကို မနက် ၉ နာရီမှ ညနေ ၄ နာရီထိ၊ ဘဏ်များကို မနက် ၉ နာရီမှ နေ့လယ် ၃ နာရီထိသာ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။
ထို့အပြင် ပုံမှန်အားဖြင့် ညအချိန်အထိ ဖွင့်လှစ်နေသော စျေးဝယ်စင်တာများကိုလည်း ညနေ ၆ နာရီမတိုင်မီ ပိတ်ရမည်ဟု သတ်မှတ်ထားပြီး အစားအသောက်ဆိုင်များကိုသာ မူလအတိုင်း ဆက်လက်ဖွင့်ခွင့်ပြုထားပါတယ်။
အလှဆင်မီးအသုံးပြုမှုကို စျေးဝယ်စင်တာများတွင် တားမြစ်ထားပြီးဖြစ်သလို ယခုအခါ မင်္ဂလာပွဲများတွင်ပါ တိုးချဲ့တားမြစ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်တွင် မင်္ဂလာပွဲများသည် လူရာပေါင်းများစွာ တက်ရောက်သည့် အခမ်းအနားကြီးများဖြစ်ပြီး အလှဆင်မီးများနှင့် အလင်းရောင်များကို အလွန်အသုံးပြုလေ့ရှိသဖြင့် စွမ်းအင်အသုံးပြုမှု မြင့်မားသည်ဟု ယူဆထားကြောင်း သိရပါတယ်။
အာဏာပိုင်များအနေဖြင့် ယခုကန့်သတ်ချက်များကို “အကြောင်းကြားသည်အထိ” ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး စွမ်းအင်ထောက်ပံ့ရေးအခြေအနေ မတည်ငြိမ်မှုများကို လျော့ချရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။