Logo
Thursday, November 12, 2026
Back to Home
Weather News

မုတ်သုံလေအားကောင်းနေ၍ ဒေသအများစု မိုးရွာနိုင်၊ နေရာကွက်၍ မိုးကြီးနိုင်သည့်ဒေသများလည်းရှိ

By Admin•July 8, 2026
မုတ်သုံလေအားကောင်းနေ၍ ဒေသအများစု မိုးရွာနိုင်၊ နေရာကွက်၍ မိုးကြီးနိုင်သည့်ဒေသများလည်းရှိ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေမှာ အသင့်အတင့်မှ အားကောင်းနေပြီး မြန်မာနိုင်ငံဒေသအများစုတွင် ယနေ့ညနေပိုင်းအထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကာ နေပြည်တော်၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရခိုင်ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ချင်း၊ ရခိုင်ပြည်နယ်များတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးရွာစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများ ကြိုတင်သတိပြုကြရန် အကြံပြုထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

လာမည့် နှစ်ရက်အတွင်း ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် မိုးပိုမိုရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ယနေ့ညနေအထိ နေပြည်တော်တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်ထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ မိုးရွာနိုင်ခြေ ရာနှုန်းပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။

မိုးလေဝသနှငိ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#မိုးလေဝသ #သတင်း #မိုးကြိုး #သုတမြေ

See less