Logo
Thursday, May 14, 2026
Back to Home
Local News

" အမြန်လမ်းပေါ်ဘီးပေါက်၍ လမ်းမပေါ် ပြုပြင်စဉ် ယာဉ်နောက်လိုက် ‌ေ သဆုံးမှုဖြစ် "

By AdminMay 4, 2026
"  အမြန်လမ်းပေါ်ဘီးပေါက်၍ လမ်းမပေါ် ပြုပြင်စဉ် ယာဉ်နောက်လိုက် ‌ေ သဆုံးမှုဖြစ် "

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးတွင် မေ ၄ ရက် နေ့လည်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး ဘီးပေါက်မှုကြောင့် လမ်းမပေါ်တွင် ပြုပြင်နေစဉ် မတော်တဆဖြစ်ပွားပြီး ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မန္တလေးမှ နေပြည်တော်ဘက်သို့ ခရီးသည် ၂၈ ဦးနှင့်အတူ မောင်းနှင်လာသော မှန်လုံယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၃ မိုင်အနီးတွင် နောက်ဘီးပေါက်ခဲ့သည်။ ယင်းကြောင့် ယာဉ်ကို လမ်းပေါ်တွင်ရပ်တန့်ကာ ယာဉ်နောက်လိုက်က ကားအောက်ဝင်၍ စပါယ်ယာဘီး လဲလှယ်နေစဉ် လေအိတ်ပေါက်ကာ ယာဉ်နှင့် လမ်းကြားတွင် ညပ်မိခဲ့သည်ဟု သတင်းရရှိသည်။
သက်ဆိုင်ရာ အမြန်လမ်းရဲနှင့် မီးသတ်တပ်ဖွဲ့များက အမြန်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းခရီးအတွင်း ‌ေ သဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တွင် ပါဝင်သည့် အခြားခရီးသည်များမှာ ထိခိုက်ဒဏ်ရာ မရှိကြောင်း သတင်းများအရ သိရသည်။
အမြန်လမ်းပေါ်တွင် ယာဉ်ချို့ယွင်းမှုဖြစ်ပွားပါက လမ်းပေါ်တွင် တိုက်ရိုက်ပြုပြင်ခြင်းမပြုဘဲ လမ်းဘေးသို့ ရွှေ့ပြောင်းပြီးမှသာ ပြုပြင်ရန်နှင့် ကျွမ်းကျင်သူများဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာ အဖွဲ့များက ထပ်မံ သတိပေးထားသည်။ See less