Logo
Thursday, November 12, 2026
Back to Home
Weather News

မုတ်သုံအားကောင်းနေ၍ နိုင်ငံတစ်ဝန်း မိုးဆက်လက်ရွာနိုင်၊ အချို့ဒေသများ မိုးကြီးနိုင်ဟု ခန့်မှန်း

By Admin•June 20, 2026

၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက် နံနက်ပိုင်း မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ဆက်လက်တည်ရှိနေပြီး ပင်လယ်ပြင်ဒေသများတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကယားနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်းနှင့် တနင်္သာရီဒေသများတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာနိုင်ပြီး စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာစဉ်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ ရှိနိုင်ကြောင်း သိရသည်။ ပင်လယ်လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်အထိ မြင့်တက်နိုင်သဖြင့် ရေကြောင်းသွားလာသူများ သတိပြုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

နောက်လာမည့် ၂ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် မိုးပိုမိုရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

မြို့ကြီးများအနေဖြင့် နေပြည်တော်နှင့် မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်မြို့တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#မိုးလေဝသ #သတင်း #သုတမြေ #ရသစုံ

See less