Logo
Monday, November 9, 2026
Back to Home
International News

ပုဂ္ဂလိကကျောင်း ခေါင်မိုးပြိုကျမှုကြောင့် ၃၅ ဦး သေဆုံး

By Admin•October 17, 2026
ပုဂ္ဂလိကကျောင်း ခေါင်မိုးပြိုကျမှုကြောင့် ၃၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့ရှိ Al-Khair ပုဂ္ဂလိကကျောင်းတွင် ကြာသပတေးနေ့က ခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၃၄ ဦးနှင့် ဆရာမတစ်ဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူ ကလေးငယ်အများစုမှာ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်းဖြစ်ပြီး ဒဏ်ရာရသူအချို့မှာ အခြေအနေစိုးရိမ်ရကြောင်း Lady Reading ဆေးရုံ ပြောရေးဆိုခွင့်ရှိသူ Mohammad Asim က ပြောသည်။ ဆေးရုံတွင် ဒဏ်ရာရသူများကို အရေးပေါ်ကုသပေးခဲ့သည်။

853482903_1515615133928277_4552647845168241848_n

ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီး အပျက်အစီးရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ဆောက်လုပ်ရေးစည်းမျဉ်းများ ကြပ်မတ်မှုအားနည်းခြင်းနှင့် အရည်အသွေးမမီသော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် အဆောက်အအုံပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယခုနှစ် ဇွန်လကလည်း လာဟိုးမြို့ရှိ ကျူရှင်သင်တန်းကျောင်းတစ်ခု၏ ခေါင်မိုးပြိုကျမှုကြောင့် ကလေးငယ် ၁၄ ဦး သေဆုံးခဲ့သည်။

852101168_1142262238231704_5568729937471666085_n

#သုတမြေ #သတင်းထူးသတင်းဦး #ပြိုကျ #ပျက်စီး