Logo
Monday, November 9, 2026
Back to Home
International News

မြစ်ထဲမြောလာသည့် ဆင်ကလေးကို တံငါသည်များ ကယ်တင်

By Admin•September 23, 2026
မြစ်ထဲမြောလာသည့် ဆင်ကလေးကို တံငါသည်များ ကယ်တင်

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် တီစတာမြစ်အတွင်း ရေစီးနဲ့ မျောပါသွားတဲ့ ရက်သား ၃ ရက်မှ ၄ ရက်အရွယ် ဆင်ကလေးတစ်ကောင်ကို တံငါသည်တွေက အချိန်မီ ကယ်တင်နိုင်ခဲ့ပါတယ်။

မြစ်ရေထဲမှာ ဆင်ကလေးရဲ့ နှာမောင်းတစ်စိတ်တစ်ပိုင်း ထွက်ပေါ်နေတာကို တံငါသည်တွေက တွေ့ရှိခဲ့ပြီး လှေငယ်နဲ့ ၃ မိုင်နီးပါး သွားရောက်ကာ ရေထဲကနေ ဆွဲထုတ်ကယ်တင်ခဲ့ပါတယ်။

820542642_1789327192386305_7655910882529329883_n

ဆင်ကလေးဟာ မိခင်ဆင်နဲ့ ကွဲကွာပြီး တီစတာမြစ်ကို ဖြတ်ကူးဖို့ ကြိုးစားစဉ် ရေစီးနဲ့အတူ ၄ ကီလိုမီတာခန့် မျောပါသွားခဲ့တာဖြစ်ပါတယ်။ ကယ်တင်ပြီးနောက် ဆင်ကလေးကို ကုန်းပေါ် ပြန်လွှတ်ပေးခဲ့ရာ ကျန်းမာရေးကောင်းမွန်ပြီး မိခင်ဆင်ရှိရာဘက်ကို လမ်းလျှောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ မိခင်ဆင်က ကလေးကို ပြန်လည်လက်ခံပြီး နို့တိုက်ခဲ့တာကြောင့် မိခင်နဲ့ကလေး ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မိခင်ဆင်နဲ့ ဆင်ကလေးကို သစ်တောဌာနက ဆက်လက်စောင့်ကြည့်နေပါတယ်။

#ဆင် #ရေမြော #သတင်း #သုတမြေ