Logo
Monday, November 9, 2026
Back to Home
Local News

အိုးဝေယာဉ်ကို ရှောင်ရာမှ ၆ ဘီးကုန်တင်ယာဉ် တိမ်းမှောက်

By Admin•October 9, 2026
အိုးဝေယာဉ်ကို ရှောင်ရာမှ ၆ ဘီးကုန်တင်ယာဉ် တိမ်းမှောက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြို့သစ်ရဲဘော်ရွာအနီး သထုံ–ဘားအံ ကားလမ်းပေါ်တွင် အိုးဝေသုံးဘီးယာဉ်ကို ရှောင်တိမ်းရာမှ ၆ ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီးကုန်တင်ယာဉ်သည် အိုးဝေယာဉ်ကို ရှောင်ရန် မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် လူသေဆုံးမှုမရှိခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအဖွဲ့က ဆေးကုသမှုပေးပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်ပြီးနောက် မီးလောင်မှုဖြစ်ပွားနိုင်ခြေရှိသဖြင့် သထုံခရိုင်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်ဖြင့် ရေဖြန်းပေးခဲ့ကြောင်း သိရသည်။

#သုတမြေ #သတင်းထူးသတင်းဦး #တိမ်းမှောက်