Local News
စစ်ကိုင်း လဟယ်မြို့အနီး မဂ္ဂနီကျူ့ ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
By Admin•October 25, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့အနီးတွင် အောက်တိုဘာ ၂၃ ရက် ညပိုင်းက မဂ္ဂနီကျူ့ ၄.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြစ်ကြီးနားမြေငလျင်စခန်း၏ တိုင်းတာချက်များအရ သိရသည်။
အဆိုပါငလျင်သည် ည ၁၁ နာရီ ၃၆ မိနစ် ၁၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး လဟယ်မြို့၏ မြောက်-အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြေအနက် ၉၅ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်၏ ပြင်းအားမှာ မဂ္ဂနီကျူ့ ၄.၇ အဆင့်ရှိပြီး မြစ်ကြီးနားမြေငလျင်စခန်းမှ တိုင်းတာရရှိသည့် အချက်အလက်များအရ ထုတ်ပြန်ထားခြင်းဖြစ်သည်။
