Logo
Monday, November 9, 2026
Back to Home
International News

ဒရုန်းနဲ့ ထောင်ဖောက်ဖို့ ကြံစည်ခဲ့တဲ့ ကိုရီးယားလူသတ်မှုတရားခံ

By Admin•September 17, 2026
ဒရုန်းနဲ့ ထောင်ဖောက်ဖို့ ကြံစည်ခဲ့တဲ့ ကိုရီးယားလူသတ်မှုတရားခံ

ဖိလစ်ပိုင်နိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံသား ၃ ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၅၂ နှစ်ကနေ ၆၀ နှစ်အထိ ချမှတ်ခံထားရတဲ့ Park Wang-yeol ဟာ အကျဉ်းထောင်ကနေ ဒရုန်းအသုံးပြုပြီး ထွက်ပြေးဖို့ ကြံစည်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၄၇ နှစ်အရွယ် Park ဟာ လူတစ်ဦးကို ၇၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တဲ့ အကြီးစားဒရုန်းမှာ မိမိကိုယ်ကို ချည်နှောင်ပြီး အကျဉ်းထောင်နံရံကို ကျော်ပျံထွက်ပြေးဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ထွက်ပြေးရေးအစီအစဉ်ကို အကောင်အထည်မဖော်နိုင်ခင် သူ့အပေါင်းအပါတစ်ဦးက ဒရုန်းကို စမ်းသပ်နေတဲ့ ဗီဒီယိုမှတ်တမ်း ပေါ်ထွက်လာပြီး ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခံရတာကြောင့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ JTBC က ဖော်ပြပါတယ်။

812729583_2907095809657568_7151780636468914072_n

Park ဟာ ၂၀၁၆ ခုနှစ်က Bacolod City အပြင်ဘက် ကြံခင်းတစ်ခုမှာ တောင်ကိုရီးယားနိုင်ငံသား ၃ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ ၂၀၂၂ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး အဲဒီအမှုကြောင့် “Sugar Cane Field Killer” လို့လည်း နာမည်ပြောင်ရရှိခဲ့ပါတယ်။

ထို့အပြင် အကျဉ်းကျခံနေရစဉ်အတွင်း မိုဘိုင်းဖုန်းတွေကတစ်ဆင့် တောင်ကိုရီးယားနိုင်ငံထဲ မူးယစ်ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းကို ဆက်လက်ညွှန်ကြားခဲ့တယ်လို့ ကိုရီးယားအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

📌

Park ကို မတ်လ ၂၅ ရက်မှာ ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားနိုင်ငံသို့ ယာယီလွှဲပြောင်းပေးခဲ့ပြီး၊ ဒီကိစ္စအတွက် သမ္မတ Lee Jae-myung က ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ကိုယ်တိုင်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

#SouthKorea #Philippines #CrimeNews #DroneEscape #ParkWangYeol