Logo
Thursday, November 12, 2026
Back to Home
Weather News

နိုင်ငံတဝန်း မုတ်သုံလေ အားကောင်းနေဆဲဖြစ်၍ ဒေသအချို့ မိုးကြီးနိုင်ကြောင်း သတိပေး

By Admin•June 30, 2026

ဇွန်လ ၃၀ ရက် ည ၇ နာရီအချိန် ထုတ်ပြန်ထားသည့် မိုးလေဝသခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တစ်ဝန်းတွင် မုတ်သုံလေ အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသော်လည်း ကျန်ပင်လယ်အော်ဒေသများတွင် တိမ်ထူထပ်နေကြောင်း ဖော်ပြထားသည်။

မနက်ဖြန် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဒေသအများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်မည်ဖြစ်သည်။ နေပြည်တော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးများနိုင်ပြီး နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအပါအဝင် ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ တိမ်တောင်များ ရွေ့လျားရာ နေရာများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသက်လေပြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း မိုးသက်လေပြင်းများ တစ်ခါတစ်ရံ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။ မိုးသက်လေပြင်းဖြစ်ပေါ်ချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရောက်ရှိနိုင်သည်။

နောက်နှစ်ရက်အတွင်း ပဲခူးတိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးနိုင်သည့် အလားအလာ ဆက်လက်ရှိနေကြောင်း ခန့်မှန်းထားသည်။

မြို့ကြီးများအတွက် ခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာနိုင်ပြီး မန္တလေးမြို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ မိုးရွာနိုင်ခြေ ရာနှုန်းပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။

#သုတမြေ #မိုးလေဝသ #သတင်းထူးသတင်းဦး

See less