Logo
Tuesday, November 10, 2026
Back to Home
International News

အင်ဒိုနီးရှားတွင် အစိုးရအခမဲ့အစားအစာစားသုံးပြီး သုံးရက်အတွင်း လူ ၁,၇၀၀ ကျော် အစာအဆိပ်သင့်

By Admin•September 4, 2026
အင်ဒိုနီးရှားတွင် အစိုးရအခမဲ့အစားအစာစားသုံးပြီး သုံးရက်အတွင်း လူ ၁,၇၀၀ ကျော် အစာအဆိပ်သင့်

စက်တင်ဘာ ၄ ရက်၊ ၂၀၂၆။ — အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်တွင် အစိုးရက ထောက်ပံ့ပေးသည့် အခမဲ့အစားအစာများ စားသုံးပြီးနောက် ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၇၇၇ ဦး ထပ်မံအစာအဆိပ်သင့်ခဲ့သဖြင့် အဆိုပါ အခမဲ့အစားအစာအစီအစဉ်နှင့် ဆက်စပ်၍ သုံးရက်အတွင်း အစာအဆိပ်သင့်သူ ၁,၇၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။

အလယ်ပိုင်းဂျာဗားပြည်နယ် လာဆမ်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဟူးနေ့က အစိုးရအခမဲ့အစားအစာများ စားသုံးခဲ့ပြီးနောက် ကျောင်းသား ၇၅၂ ဦးနှင့် ဆရာ၊ ဆရာမ ၂၅ ဦးတို့ ဝမ်းလျှောခြင်းနှင့် အန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကျောင်းအုပ်ကြီး Juhartutik က ပြောကြားသည်။

793478602_1008825378879181_6527228745695256925_n

အဆိုပါကျောင်းတွင် ကျောင်းသားများအား ကြက်သားကင်များ ကျွေးမွေးခဲ့ခြင်းဖြစ်ပြီး အစားအစာများ မဖြန့်ဝေမီ စားသုံးရန် သင့်မသင့် စစ်ဆေးသူက ကြက်သားအချို့မှာ “ချွဲကျိကျိ” ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ကျောင်းအုပ်ကြီးက ဆိုသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း အခြားနေရာ ၃ ခု၌လည်း အဆိုပါ အခမဲ့အစားအစာအစီအစဉ်နှင့် ဆက်စပ်သည့် အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၉၅၀ ဦး ထပ်မံထိခိုက်ခဲ့ကြောင်း ကျန်းမာရေးကဏ္ဍကို ကြီးကြပ်သည့် လွှတ်တော်ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

797250430_2152539635646076_7783237183313345856_n

အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ကလေးငယ် သန်းနှင့်ချီ၏ အာဟာရပြည့်ဝရေးအတွက် ရည်ရွယ်၍ ကုန်ကျစရိတ် ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် အခမဲ့အစားအစာအစီအစဉ်ကို ယမန်နှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါအစီအစဉ်မှာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ၊ ဦးဆောင်အဖွဲ့ အပြောင်းအလဲများနှင့် အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားမှုတို့နှင့် ရင်ဆိုင်နေရသည်။

အစာအဆိပ်သင့်မှုများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ အစားအစာများကို သင့်လျော်သည့် အပူချိန်နှင့် အခြေအနေတွင် မသိမ်းဆည်းခြင်းနှင့် ချက်ပြုတ်ပြီးသား အစားအစာများကို နောက်ကျမှ ပို့ဆောင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိကြောင်း သိရသည်။

#သုတမြေ #သတင်းစုံ #နိုင်ငံတကာ