Logo
Thursday, May 14, 2026
Back to Home
Local News

မီးစက်အသုံးပြုရာမှ မီးလောင်မှုဖြစ်ပွား

By AdminApril 4, 2026
မီးစက်အသုံးပြုရာမှ မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ထွန့်ပတိုင်လမ်းဆုံ နောင်လုံတောင်ကြားလမ်းပေါ်တွင် တည်ရှိသော ဇွဲကပင်ရှမ်းလေး စက်သုံးဆီဆိုင် ၌ ဧပြီလ ၂ ရက် ညပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံများ၏ ပြောကြားချက်အရ ည ၆ နာရီခွဲခန့်တွင် ဆီပေပါများ သိုလှောင်ထားသည့် ဂိုဒေါင်အတွင်း မီးစက်အသုံးပြုရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးသည် လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဘားအံခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းငြိမ်းသတ်ခဲ့ကြပါတယ်။
ထိုသို့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ည ၇ နာရီ ၄၀ မိနစ်မှ ၄၈ မိနစ်အတွင်း မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး အပြည့်အဝ မီးငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် ဂိုဒေါင်တစ်လုံးနှင့် ဓါတ်ဆီပေပါ ၁၅ လုံး၊ ဒီဇယ်ဆီပေပါ ၁၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရပါတယ်။
ယခုဖြစ်ပွားခဲ့သည့် မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များမှ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြပါတယ်။