မြေမပါဘဲ ဘယ်လိုစိုက်ပျိုးကြသလဲ

မြေမပါဘဲ အပင်စိုက်ပျိုးနိုင်တဲ့ နည်းလမ်းတွေထဲမှာ Hydroponics၊ Aquaponics၊ Aeroponics နဲ့ Vertical Farming တို့ ပါဝင်ပါတယ်။ နည်းလမ်းတစ်ခုချင်းစီမှာ စိုက်ပျိုးပုံ မတူညီကြပေမဲ့ အဓိကရည်ရွယ်ချက်ကတော့ အပင်တွေ ကြီးထွားဖို့လိုအပ်တဲ့ ရေ၊ အာဟာရဓာတ်နဲ့ အလင်းရောင်တို့ကို မှန်ကန်စွာ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။
စိုက်ပျိုးနည်း (၁)
၁။ Hydroponics — ရေကိုအသုံးပြုပြီး စိုက်ပျိုးခြင်း
ဒီနည်းလမ်းကို စတင်အသုံးပြုမယ်ဆိုရင် ပထမဆုံး ရေမယိုစိမ့်တဲ့ ဘူး ဒါမှမဟုတ် ရေကန်အသေးတစ်ခုကို ပြင်ဆင်ရပါတယ်။ ပြီးရင် အပင်ငယ်လေးတွေကို ရေစုပ်ယူနိုင်တဲ့ စိုက်ပျိုးပစ္စည်းထဲမှာ ထည့်ထားပြီး အမြစ်တွေကို အာဟာရဓာတ်ပါဝင်တဲ့ရေနဲ့ ထိတွေ့စေပါတယ်။ အပင်တွေ လုံလောက်တဲ့ အလင်းရောင်ရရှိဖို့ စီစဉ်ပေးရသလို ရေရဲ့အခြေအနေနဲ့ အာဟာရဓာတ်ပမာဏကိုလည်း ပုံမှန်စစ်ဆေးပေးရပါတယ်။ ဆလတ်ရွက်၊ ဟင်းနုနွယ်နဲ့ အရွက်စားဟင်းသီးဟင်းရွက်တွေကို ဒီနည်းနဲ့ စိုက်ပျိုးနိုင်ပါတယ်။ အနာဂတ်စိုက်ပျိုးရေးဆိုတာ မြေကြီးထဲမှာပဲ စိုက်ပျိုးခြင်းမဟုတ်ဘဲ ရရှိနိုင်တဲ့အရင်းအမြစ်တွေကို ဘယ်လိုထိရောက်စွာ အသုံးချမလဲဆိုတာလည်း ဖြစ်ပါတယ်။
#သုတမြေ#ModernAgriculture#Crdphoto#Illinois Extension — Growing Without Soil
