Local News
တမူးမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်
By Admin•October 7, 2026
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၉ မိနစ် ၂၀ စက္ကန့်တွင် တမူးမြို့အနီး အင်အား ၃.၈ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မြေငလျင်မှာ တမူးမြို့၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၂၆ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၄.၃၇ ဒီဂရီ၊ မြေအောက်အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
မြေငလျင်မှာ အင်အားအနည်းငယ်ရှိသည့် မြေငလျင်အဖြစ် တိုင်းထွာရရှိထားကြောင်း သိရပါတယ်။
သတင်းနှင့်ပုံ - မိုးဇလ
