တရုတ်အရှေ့ပိုင်းတွင် မိုးသီးကြွေကာ ၊ လေပြင်းတိုက်ခတ်ခဲ့

တရုတ်နိုင်ငံ Jiangxi Province ပြည်နယ်ရှိ Yichun နှင့် Fuzhou ဒေသများတွင် အချင်း ၅ စင်တီမီတာအထိရှိသည့် မိုးသီးများကြွေကျခဲ့ပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆောက်အအုံများ၏ မျက်နှာကျက်များ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းတချို့ ရေလွှမ်းမိုးခံရကာ ယာဉ်အသွားအလာများ အနှောင့်အယှက်ဖြစ်ပြီး ယာဉ်ကျောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခြေအနေများအပေါ်တွင် China's National Meteorological Center က မိုးရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်နိုင်ခြင်းအတွက် အရေးပေါ်ထုတ်ပြန်ခဲ့ပြီး တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းနှင့် မြောက်ပိုင်းဒေသများတွင် လေပြင်းများ တိုက်ခတ်နိုင်ကြောင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ဒေသအာဏာပိုင်များက အရေးပေါ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ပြည်သူများအား မိုးလေဝသသတိပေးချက်များကို လိုက်နာရန်နှင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားကြပါတယ်။
