Logo
Monday, November 9, 2026
Back to Home
International News

အီရန်ရှိ စာသင်ကျောင်းနဲ့ အားကစားရုံ တိုက်ခိုက်မှုတွေမှာ အမေရိကန်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ဟု ကုလစုံစမ်းရေးအဖွဲ့ဆို

By Admin•September 19, 2026
အီရန်ရှိ စာသင်ကျောင်းနဲ့ အားကစားရုံ တိုက်ခိုက်မှုတွေမှာ အမေရိကန်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ဟု ကုလစုံစမ်းရေးအဖွဲ့ဆို

ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အီရန်ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်က အီရန်နိုင်ငံ မီနပ်ဘ်မြို့ရှိ မူလတန်းကျောင်းနဲ့ လာမတ်ဒ်မြို့ရှိ အားကစားရုံတို့ကို တိုက်ခိုက်ခဲ့မှုတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ကြောင်း တွေ့ရှိထားပါတယ်။

817946996_1824696608699823_8320276787454659178_n

စုံစမ်းစစ်ဆေးမှုအတွင်း အမေရိကန်နဲ့ အစ္စရေးဘက်က စုံစမ်းရေးအဖွဲ့ကို ဝင်ရောက်ခွင့်မပေးခဲ့သလို အချက်အလက်တောင်းခံမှုတွေကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့တာကြောင့် ဂြိုဟ်တုဓာတ်ပုံ၊ အတည်ပြုထားတဲ့ ဗီဒီယို၊ လက်နက်အပိုင်းအစနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မီနပ်ဘ်မြို့ရှိ Shajareh Tayyebeh မူလတန်းကျောင်းကို တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးငယ်များနဲ့ ဆရာမများအပါအဝင် လူအများအပြား သေဆုံးခဲ့ပါတယ်။ ကုလစုံစမ်းရေးအဖွဲ့က တိုက်ခိုက်ခံရတဲ့နေရာမှာ အမေရိကန်ပိုင် Tomahawk ဒုံးကျည်အသုံးပြုခဲ့ကြောင်း လက်နက်ကျွမ်းကျင်သူတွေက သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

790408277_1107839861588987_3692410153559149366_n

အဲဒီနေ့ ညနေပိုင်းမှာပဲ လာမတ်ဒ်မြို့ရှိ Shahid Haj Khalil Naimi ယဉ်ကျေးမှုနဲ့ အားကစားရုံကိုလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ကုလစုံစမ်းရေးအဖွဲ့ရဲ့ အဆိုအရ အဆိုပါ အားကစားရုံဟာ စစ်ရေးအတွက် အသုံးပြုတဲ့နေရာ မဟုတ်ကြောင်း သိရပါတယ်။

စုံစမ်းရေးအဖွဲ့က အဆိုပါ တိုက်ခိုက်မှုတွေမှာ အမေရိကန်ဘက်က အရပ်သားပစ်မှတ်ဖြစ်ကြောင်း အတည်ပြုစစ်ဆေးရန် လိုအပ်တဲ့ အဆင့်တွေကို မလုပ်ဆောင်ခဲ့နိုင်ကြောင်း သုံးသပ်ထားပါတယ်။

#သုတမြေ #UnitedNations #နိုင်ငံတကာ #သတင်း