Logo
Monday, November 9, 2026
Back to Home
International News

တောင်ကိုရီးယားတွင် တစ်လကျော် ပိတ်မိနေသည့် ငါးမန်း ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိ

By Admin•October 22, 2026
တောင်ကိုရီးယားတွင် တစ်လကျော် ပိတ်မိနေသည့် ငါးမန်း ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ လူလုပ်တူးမြောင်းအတွင်း တစ်လကျော်ကြာ ပိတ်မိနေခဲ့သည့် “ဘူကန်အီ” (Bukang-i) ဟု အမည်ပေးထားသော ငါးမန်းမတစ်ကောင်သည် ဗုဒ္ဓဟူးနေ့တွင် ပင်လယ်ပြင်သို့ အောင်မြင်စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

855559955_1425420542472854_1152105030696903239_n

အရှည် ၃ ဒသမ ၅ မီတာခန့်ရှိသည့် ငါးမန်းမကို စက်တင်ဘာ ၁၈ ရက်က ဘူဆန်မြို့ မြောက်ဆိပ်ကမ်းကမ်းနားပန်းခြံရှိ တူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်ကြိမ် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် တတိယအကြိမ် ကြိုးပမ်းမှုကို ရှစ်နာရီခန့် ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၅၀ မိနစ်တွင် အောင်မြင်ခဲ့သည်။

857664536_1659866862435588_3591727559992892820_n

ငါးမန်းမရှိနေခြင်းကြောင့် အဆိုပါပန်းခြံသို့ လာရောက်လည်ပတ်သူ ၁၆ သိန်းကျော်အထိ ရှိခဲ့သည်။ သို့သော် ရေအပူချိန် ကျဆင်းလာခြင်းနှင့် တစ်လလုံး အစာစားသည်ကို မတွေ့ရခြင်းတို့ကြောင့် ၎င်း၏ ကျန်းမာရေးအတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။

#နိုင်ငံတကာ #သတင်းထူး #ငါးမန်း #ကိုရီးယား #သုတမြေ