Logo
Thursday, May 14, 2026
Back to Home
Local News

ဒယ်နီအိုးပလပ်မဖြုတ်ခဲ့မိ၍ အပူရှိန်လွန်ကဲကာ ပေါင်မြို့နယ်တွင် နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့

By AdminApril 20, 2026
ဒယ်နီအိုးပလပ်မဖြုတ်ခဲ့မိ၍ အပူရှိန်လွန်ကဲကာ ပေါင်မြို့နယ်တွင် နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အိမ်ရှင်များမှာ ရှင်ပြုအလှူပွဲသို့ ဝိုင်းကူရန်သွားရောက်နေစဉ် လျှပ်စစ်မီးပြန်လာသည့်အချိန်တွင် ပလပ်တပ်လျက်ကျန်ရစ်ခဲ့သည့် လျှပ်စစ်ဒယ်အိုးမှတစ်ဆင့် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်တွင် မီးကူးစက်မှု အလွန်မြန်ဆန်ခဲ့ပြီး အနီးနားရှိ နေအိမ် ၁၁ လုံးအထိ လောင်ကျွမ်းခဲ့သည်။ ဒေသခံများ၏ ပြောပြချက်အရ ရွာတွင်းလမ်းများ ကျဉ်းမြောင်းလွန်းခြင်းကြောင့် မီးသတ်ကားများ အချိန်မီဝင်ရောက်နိုင်ရန် အခက်အခဲရှိခဲ့ကြောင်း သိရသည်။ "လမ်းတွေကျဉ်းတော့ မီးသတ်ကားတွေ ဝင်ရခက်တယ်။ ဒါကြောင့်လည်း မီးကူးစက်မှုနှုန်းကို အချိန်မီ မထိန်းချုပ်နိုင်ခဲ့ဘဲ အိမ်တွေ ပိုပြီးပျက်စီးသွားတာပါ" ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။
ပေါင်မြို့နယ်မီးသတ်စခန်းနှင့် အလှပ်နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက အားသွန်ခွန်စိုက် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညသန်းခေါင်ယံအချိန်တွင် မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ပါတယ်၊၊