Logo
Thursday, May 14, 2026
Back to Home
Local News

လေပြင်းတိုက်ခတ်မှုကြောင့် ကရုပ္ပိကျေးရွာရှိ လျောင်းတော်မူဘုရား အမိုးများ ပျက်စီး

By AdminMay 12, 2026
လေပြင်းတိုက်ခတ်မှုကြောင့် ကရုပ္ပိကျေးရွာရှိ လျောင်းတော်မူဘုရား အမိုးများ ပျက်စီး
695763527_1367531198737358_4470373572226184040_n

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာ ဘူတာပိုင်းကုန်းတော်ပေါ်တွင် တည်ထားသည့် အလျား ၁၇၂ တောင်ရှိ လျောင်းတော်မူဘုရား၏ မျက်နှာကျက်တော် (အမိုး) အချို့မှာ မေလ ၁၂ ရက် နံနက်ပိုင်းတွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။
နံနက် ၉ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်ကြောင့် ဘုရားအဆောက်အအုံ၏ အမိုးပိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိတွင် ဒေသခံများက ပျက်စီးနေသည့် နေရာများအား ဝိုင်းဝန်းရှင်းလင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူထိခိုက်မှုရှိ၊ မရှိကိုတော့ မသိရသေးဘဲ ပျက်စီးမှုအခြေအနေများကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
#သတင်း #လေပြင်း #မုန်တိုင်း #သုတမြေ See less

699010267_1367531262070685_8770049214406765835_n