Logo
Thursday, May 14, 2026
Back to Home
Local News

နေပူပြင်းမှုကြောင့် ဘေးမဲ့ငါး သောင်းချီသေဆုံး

By AdminMay 8, 2026
နေပူပြင်းမှုကြောင့် ဘေးမဲ့ငါး သောင်းချီသေဆုံး
690863651_1364420265715118_5256546148500954287_n

နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာရှမ်းကန်အတွင်းတွင် နွေရာသီ အပူချိန်မြင့်တက်လာမှုကြောင့် ဘေးမဲ့ငါးများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ ကန်အတွင်း ငါးများ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး နေ့လယ်ပိုင်းအချိန်တွင် သေဆုံးမှု ပိုမိုများပြားလာခဲ့ကြောင်း မိုးစေတနာ ပရဟိတအသင်းထံမှ သိရသည်။ သေဆုံးသည့် ငါးများတွင် ငါးကြင်းဖြူနှင့် တီလားပီယားငါးများ အများဆုံး ပါဝင်နေကြောင်းလည်း သိရသည်။
မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “မနက်ပိုင်းမှာ သေဆုံးတဲ့အရေအတွက် နည်းသေးပေမယ့် နေပူချိန် မြင့်လာတဲ့ နေ့လယ်ပိုင်းမှာ ငါးတွေ ပိုသေလာတယ်။ အကောင်ရေ သောင်းချီအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်” ဟု ပြောကြားသည်။
၎င်းက ဆက်လက်၍ “အခုလို ရာသီဥတုပူပြင်းမှုကြောင့် ရေထဲမှာ အောက်စီဂျင် လျော့နည်းသွားတာက ငါးသေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်တယ်” ဟု ဆိုသည်။
ယခင်နှစ်များကလည်း နွေရာသီ အပူချိန်မြင့်တက်သည့် ကာလများတွင် မင်္ဂလာရှမ်းကန်အတွင်း ငါးသေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် ပျဉ်းမနား စည်ပင်သာယာရေးကော်မတီနှင့် မိုးစေတနာ ပရဟိတအသင်းတို့ ပူးပေါင်းကာ ကန်အတွင်း ပေါ်နေသည့် ငါးအသေများကို ရှင်းလင်းဖယ်ရှားနေပြီး ကန်သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
“စည်ပင်ဘက်က အကြောင်းကြားလာပြီးတာနဲ့ ကျွန်တော်တို့ အသက်ကယ်လှေတွေ အသုံးပြုပြီး ကန်ထဲမှာ ပေါ်နေတဲ့ ငါးအသေတွေကို ချက်ချင်းရှင်းလင်းပေးခဲ့တယ်” ဟု မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
#သတင်း #မိုးလေဝသ #ပူပြင်း #သုတမြေ See less

694544846_1364420302381781_8332657777663305249_n