Logo
Monday, November 9, 2026
Back to Home
Local News

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလောင်

By Admin•September 2, 2026
တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို့ တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆီဘောက်ဆာယာဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ယာဉ်မီးလောင်မှုဖြစ်ပွားရာသို့ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် မီးသတ်ရေသယ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များက နှစ်နာရီနီးပါးကြာ တာဝန်ယူ မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၇ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်တိုက်မှုနှင့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေများကိုမူ သက်ဆိုင်ရာက ဆက်လက်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

#မီးလာင် #သုတမြေ #သတင်းစုံ