ဆိုင်ကယ်စီးနင်းလာသည့် လူငယ်တစ်ဦး ချောက်အတွင်းပြုတ်ကျ သေဆုံး
က်တင်ဘာ ၈ ရက်က ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဗန်းတဲလ်ကျေးရွာမှ လူငယ်သုံးဦး ဆိုင်ကယ်တစ်စီးတည်းဖြင့် တွန်းဇံမြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် လူငယ်တစ်ဦး ချောက်အတွင်း ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ Lungtah ကျေးရွာအနီး Neisok baw mualkim လမ်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာစဉ် နောက်မှလိုက်ပါလာသူ မပါလာသည်ကို သူငယ်ချင်းနှစ်ဦးက နောက်ပိုင်းတွင် သတိပြုမိသဖြင့် ပြန်လည်ရှာဖွေခဲ့ကြသည်။
ထို့နောက် ကျေးရွာသားများ၏ အကူအညီဖြင့် ရှာဖွေရာ လမ်းဘေးအောက်ရှိ ကျောက်တုံး၊ ကျောက်ဆောင်များ ပေါများသည့် ချောက်နက်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို Lungtah ကျေးရွာသားများက ကူညီသယ်ယူပေးခဲ့ပြီး ဇာတိဖြစ်သည့် ဗန်းတဲလ်ကျေးရွာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
