Logo
Monday, November 9, 2026
Back to Home
International News

ကမ္ဘာ့အကြီးဆုံး ၉ ထပ် လူမျှော်စင်ဖြင့် ကတ်တလန်အဖွဲ့ စံချိန်သစ်တင်

By Admin•October 6, 2026
ကမ္ဘာ့အကြီးဆုံး ၉ ထပ် လူမျှော်စင်ဖြင့် ကတ်တလန်အဖွဲ့ စံချိန်သစ်တင်

စပိန်နိုင်ငံ ကတ်တလန်ဒေသ၊ တာရာဂိုနာမြို့တွင် အောက်တိုဘာ ၄ ရက်က ကျင်းပသည့် ၃၀ ကြိမ်မြောက် Concurs de Castells လူမျှော်စင်ပြိုင်ပွဲ၌ Castellers de Vilafranca အဖွဲ့က ချန်ပီယံဆု ရရှိခဲ့ပြီး သမိုင်းဝင်စံချိန်သစ် တင်နိုင်ခဲ့ပါသည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့အကြီးဆုံး လူမျှော်စင်ပြိုင်ပွဲတွင် အဖွဲ့ ၄၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Vilafranca အဖွဲ့က ၁၄,၆၃၅ မှတ် ဖြင့် ပထမရရှိခဲ့ပါသည်။ ယင်းအနိုင်ရမှုသည် နောက်ဆုံး ၁၅ ကြိမ်အတွင်း ၁၃ ကြိမ်မြောက် ချန်ပီယံဆု ဖြစ်ပါသည်။

ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် Vilafranca အဖွဲ့က လူ ၉ ဦးအကျယ်၊ ၉ ထပ်အမြင့်ရှိ “9 de 9 amb folre” လူမျှော်စင်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါသည်။

834421224_4601510710127577_8012976981259839202_n

ဒုတိယနေရာတွင် Colla Vella dels Xiquets de Valls အဖွဲ့က ၁၃,၃၆၅ မှတ်ဖြင့် ရပ်တည်ခဲ့ပြီး Jove de Tarragona အဖွဲ့က တတိယနေရာ ရရှိခဲ့ပါသည်။ Colla Vella အဖွဲ့သည် ၁၀ ထပ်လူမျှော်စင် တည်ဆောက်ရန် ကြိုးပမ်းမှု နှစ်ကြိမ်စလုံး မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးအကြိမ် ထပ်မံမကြိုးပမ်းတော့ဘဲ Vilafranca အဖွဲ့ကို ချန်ပီယံဆု လက်လွှတ်ခဲ့ရပါသည်။

Castell ဆိုသည်မှာ ကတ်တလန်ဘာသာဖြင့် “ရဲတိုက်” ဟု အဓိပ္ပာယ်ရပြီး လူများကို တစ်ဦးပေါ်တစ်ဦး အထပ်လိုက်တက်စုပြီး လူမျှော်စင်တည်ဆောက်သည့် ရိုးရာဓလေ့ဖြစ်ပါသည်။ ၁၈ ရာစုက စတင်ခဲ့သည့် အဆိုပါရိုးရာသည် ယနေ့အထိ နှစ်ပေါင်း ၂၀၀ ကျော် ဆက်လက်တည်ရှိနေပါသည်။

#သုတမြေ #လူမျှော်စင် #မျှော်စင် #သတင်းထူး #နိုင်ငံတကာ #သုတရသ