Logo
Sunday, November 8, 2026
Back to Home
Local News

မိတ္ထီလာပညာရေးဒီဂရီကောလိပ် မြေအောက်ရေကန်အတွင်း လူ ၄ ဦး သေဆုံး၊ တစ်ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

By Admin•November 2, 2026
မိတ္ထီလာပညာရေးဒီဂရီကောလိပ် မြေအောက်ရေကန်အတွင်း လူ ၄ ဦး သေဆုံး၊ တစ်ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း မြေအောက်ရေကန်အတွင်းသို့ ဆင်းရောက်လုပ်ကိုင်စဉ် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်အတွင်းရှိ အလျား ၁၈ ပေ၊ အနံ ၁၈ ပေ၊ အနက် ၆ ပေခွဲရှိ မြေအောက်ရေကန်အတွင်း ထောက်တိုင်များ ဖြုတ်ယူရန် လူအချို့ ဆင်းရောက်လုပ်ကိုင်ခဲ့ရာမှ သတိလစ်လဲကျခဲ့ခြင်းဖြစ်သည်။

883563130_1111293091680871_3920896083129204606_n

အဆိုပါဖြစ်စဉ်ကို တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့သဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း လူ ၄ ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကျန်တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ပုံ - လူမှုကယ်ဆယ်ရေးအသင်း မိတ္ထီလာမြို့

#ကယ်ဆယ်ရေး #အောက်စီဂျင် #မိတ္ထီလာ #သုတမြေ