Local News
ယနေ့ မြေငလျင်သတင်း
By Admin•October 17, 2026
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ် ၅၄ စက္ကန့်တွင် ပြင်းအား ၄.၀ မဂ္ဂနီကျု (M) ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေငလျင်သည် မန္တလေးမြေငလျင်စခန်း၏ တောင်-အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာ၊ ပြည်ကြီးတံခွန်မြို့နယ်၏ တောင်-အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာရှိ မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြေငလျင်၏ ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၁.၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၉ ဒီဂရီနှင့် မြေအောက်အနက် ၅ ကီလိုမီတာတွင် တည်ရှိပြီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း တိုင်းတာတွေ့ရှိရသည်။
