Logo
Wednesday, November 11, 2026
Back to Home
Weather News

စက်တင်ဘာ ၂၈ ရက်အထိ မိုးကြီးနိုင်သဖြင့် တိုင်းနှင့်ပြည်နယ်အများအပြား သတိပြုရန်လို

By Admin•September 24, 2026
စက်တင်ဘာ ၂၈ ရက်အထိ မိုးကြီးနိုင်သဖြင့် တိုင်းနှင့်ပြည်နယ်အများအပြား သတိပြုရန်လို

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းလာနိုင်ပြီး လေထုမငြိမ်သက်မှုနဲ့ မိုးတိမ်တောင်ဖြစ်ထွန်းမှုများကြောင့် စက်တင်ဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံဒေသအများအပြားမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ မိုးရွာနိုင်ပြီး နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီနဲ့ တိုင်းဒေသကြီးများအပြင် ပြည်နယ်အများအပြားမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် မြစ်ငယ်၊ ချောင်းငယ်အနီးနဲ့ တောင်ကုန်းမြင့်ဒေသတွေမှာ နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။

ပင်လယ်ပြင်မှာလည်း မိုးသက်လေပြင်းကျရောက်နိုင်ပြီး မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ လေတိုက်နှုန်း တစ်နာရီ ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ပါတယ်။

မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာလည်း လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်တာကြောင့် ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။

မိုးဇလ

#သုတမြေ #မိုးလေဝသ #ရေကြီး