Logo
Sunday, November 8, 2026
Back to Home
International News

ဒဏ်ရာရသူများကို ကူညီခဲ့သူ သူနာပြု ပစ်ကပ်ကားတိုက်ခံရ၍ သေဆုံး

By Admin•November 4, 2026
ဒဏ်ရာရသူများကို ကူညီခဲ့သူ သူနာပြု ပစ်ကပ်ကားတိုက်ခံရ၍ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူငယ်အုပ်စုနှစ်စု ရန်ဖြစ်မှုကြောင့် ဒဏ်ရာရသူများကို ကူညီပေးရန် ရပ်တန့်ခဲ့သည့် သူနာပြုအကူ အမျိုးသမီးတစ်ဦး ပစ်ကပ်ကားတိုက်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ချင်းမိုင်တက္ကသိုလ် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် Kanokrat Yottiwong ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာနက ၎င်း၏သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ ရက် နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က ချင်းမိုင်မြို့ Don Chan တံတားအနီး စူပါဟိုင်းဝေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်ပေါ်မှ အငြင်းပွားမှုကြောင့် လူငယ်အုပ်စုနှစ်စု ချိန်းဆိုရန်ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် လူစုခွဲခဲ့သော်လည်း နောက်ပိုင်း၌ လမ်းမပေါ်တွင် အပြန်အလှန် လိုက်လံခဲ့ကြကြောင်း သိရသည်။

884830211_2134719170751067_8705409325508886048_n

ထိုစဉ် ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနီးမှဖြတ်သန်းလာသည့် Kanokrat က ဒဏ်ရာရသူများကို ဆေးကုသကူညီပေးရန် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လူငယ်အုပ်စုတစ်စုနှင့် ဆက်စပ်နေသည့် ပစ်ကပ်ကားက ဝင်တိုက်ခဲ့သဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့သည်။

ပစ်ကပ်ကားမောင်းသူက ပြိုင်ဘက်အုပ်စု၏ သေနတ်ပစ်ခတ်မှုကို ရှောင်ရှားရန် ခေါင်းငုံ့မောင်းနှင်ခဲ့ရာ လမ်းကို သေချာမမြင်ဘဲ တိုက်မိခဲ့ကြောင်း ထွက်ဆိုထားသည်။ သို့သော် ရဲတပ်ဖွဲ့က ၎င်း၏ထွက်ဆိုချက်ကို သံသယရှိနေပြီး အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း စစ်ဆေးနေသည်။

ယာဉ်မောင်းသည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပစ်ကပ်ကားနှင့်အတူ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နေကြောင်း သိရသည်။

Khaosod News

#ထိုင်းသတင်း #သတင်း #သုတမြေ #ကားတိုက်