Logo
Sunday, November 8, 2026
Back to Home
Sports

မန်ယူဂန္ထဝင်ဟောင်း ၄ ဦး ရန်ကုန်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံ၊ မြန်မာလူငယ်ကစားသမားတွေကိုပါ ဘောလုံးနည်းစနစ် မျှဝေခဲ့

By Admin•November 3, 2026
မန်ယူဂန္ထဝင်ဟောင်း ၄ ဦး ရန်ကုန်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံ၊ မြန်မာလူငယ်ကစားသမားတွေကိုပါ ဘောလုံးနည်းစနစ် မျှဝေခဲ့

မြန်မာနိုင်ငံက မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအတွက် အမှတ်တရဖြစ်စရာ ရက်ပိုင်းအတွင်းမှာပဲ ရောက်ရှိလာခဲ့ပါပြီ။

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ Patrice Evra၊ Antonio Valencia၊ Anderson နဲ့ Fabio da Silva တို့ဟာ “Legendary Players Meet & Greet in Yangon” အစီအစဉ်နဲ့အတူ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

886895105_2263178761748230_8613392986186724730_n

အောက်တိုဘာ ၃၀ ရက်ညမှာ Melia Hotel ရဲ့ The Grand Ballroom မှာ အထူးကြိုဆိုပွဲနဲ့ ဘူဖေးညစာစားပွဲကို တက်ရောက်ခဲ့ကြသလို အောက်တိုဘာ ၃၁ ရက်မှာလည်း မြန်မာဘောလုံးလောကအတွက် စိတ်ဝင်စားစရာ အစီအစဉ်တွေ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ရဲ့ ထူးခြားတဲ့အချက်တစ်ခုကတော့ ဂန္ထဝင်ကစားသမားတွေဟာ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ကို သွားရောက်ခဲ့ပြီး မြန်မာလူငယ်ကစားသမားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

872258429_1427366392332470_2030963245996344518_n

ဒါ့အပြင် သုဝဏ္ဏမြက်ခင်းတုကွင်းမှာ လူငယ်ကစားသမားတွေနဲ့အတူ ဘောလုံးအခြေခံနည်းစနစ်တွေကို လက်တွေ့သင်ကြားပြသပေးခဲ့သလို သူတို့ရဲ့ ကစားသမားဘဝအတွေ့အကြုံတွေကိုလည်း မျှဝေပေးခဲ့ကြပါတယ်။

Patrice Evra ကလည်း မြန်မာနိုင်ငံက လူတွေရဲ့ နွေးထွေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုကို သဘောကျကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

887184167_1097141209781403_396867752250657175_n

မူလအစီအစဉ်မှာ ပါဝင်ဖို့ စီစဉ်ထားတဲ့ Ryan Giggs နဲ့ Dimitar Berbatov တို့ကတော့ ခရီးစဉ်မှာ ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ Antonio Valencia နဲ့ Fabio da Silva တို့က အစားထိုးပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မန်ယူပရိသတ်တွေအတွက် သူတို့ရဲ့ ငယ်ဘဝဘောလုံးအမှတ်တရတွေကို ပြန်လည်ခံစားခွင့်ရစေခဲ့သလို မြန်မာလူငယ်ကစားသမားတွေအတွက်လည်း ကမ္ဘာ့အဆင့်ကစားသမားဟောင်းတွေဆီက အတွေ့အကြုံတွေကို တိုက်ရိုက်လေ့လာခွင့်ရခဲ့တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

#ဘောလုံးသတင်း #အားကစား #သုတမြေ #ရသ