Logo
Monday, November 9, 2026
Back to Home
International News

ထရမ့်၏ နိုဘယ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှုက ဆုရွေးချယ်ရေးအပေါ် သက်ရောက်နိုင်

By Admin•October 2, 2026
ထရမ့်၏ နိုဘယ်ငြိမ်းချမ်းရေးဆု လှုပ်ရှားမှုက ဆုရွေးချယ်ရေးအပေါ် သက်ရောက်နိုင်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်သည် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိနိုင်ခြေ နည်းပါးသည်ဟု သုံးသပ်မှုများ ရှိနေသော်လည်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆုရွေးချယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် နိုင်ငံရေးအင်အားစုများအပေါ် ၎င်း၏ ထိပ်တိုက်ရင်ဆိုင်မှုများက အောက်တိုဘာ ၉ ရက်တွင် ဆုရှင်ကြေညာမည့် နော်ဝေနိုဘယ်ကော်မတီ၏ စဉ်းစားဆုံးဖြတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ်နေကြသည်။

အဓိကပြဿနာမှာ ထရမ့်ကိုယ်တိုင် ဆုရရှိမရရှိ ဆိုသည့်အချက်တစ်ခုတည်း မဟုတ်ပေ။ ထရမ့်က နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိရန် အများပြည်သူရှေ့မှောက်တွင် အကြိမ်ကြိမ် တောင်းဆိုလှုပ်ရှားခဲ့ခြင်းနှင့် ပြီးခဲ့သည့်နှစ်က ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် ထူးခြားသော ဖြစ်ရပ်များကြောင့် ဆုရွေးချယ်ရေးကော်မတီအတွက် ပိုမိုရှုပ်ထွေးသည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။

အဖွဲ့ဝင် ၅ ဦးပါ နော်ဝေနိုဘယ်ကော်မတီအနေဖြင့် ဆုရှင်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ရွေးချယ်ပေးပြီးနောက် အမေရိကန်အစိုးရဘက်မှ နိုင်ငံရေးဖိအားများ မခံစားရစေရန် မည်သို့ဆောင်ရွက်မည်ဆိုသည်မှာလည်း အရေးကြီးသည့် မေးခွန်းတစ်ရပ် ဖြစ်လာနေသည်။

ပြီးခဲ့သည့်နှစ်က မာချာဒိုအား နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ခြင်းသည် နှစ်ပေါင်း ၁၂၅ နှစ်ကျော် သမိုင်းကြောင်းရှိသည့် ဆု၏ သမိုင်းတစ်လျှောက်တွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ထရမ့်သည် မာချာဒိုအား နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် မာချာဒိုက ၎င်း၏ နိုဘယ်ဆုတံဆိပ်ကို အမေရိကန်သမ္မတထံ ပြန်လည်ပေးအပ်ခဲ့သည်။ ထိုလုပ်ရပ်မှာ ဗင်နီဇွဲလား ဒီမိုကရေစီရေး အတိုက်အခံအင်အားစုများအတွက် ထရမ့်၏ ထောက်ခံမှုရရှိစေရန် ရည်ရွယ်သည့် အမူအရာတစ်ရပ် ဖြစ်သည်ဟု ဖော်ပြထားသည်။

Peace Research Institute Oslo ၏ ယာယီဒါရိုက်တာ ဟာကွန် ဂျဲရိုးလူးကလည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သည့် အဆိုပါဖြစ်ရပ်များသည် ယခုနှစ် နိုဘယ်ကော်မတီ၏ စဉ်းစားဆုံးဖြတ်မှုများအပေါ် သက်ရောက်နိုင်ကြောင်း ပြောကြားထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုကို မည်သူရရှိမည်ကို အောက်တိုဘာ ၉ ရက်တွင် နော်ဝေနိုဘယ်ကော်မတီက ကြေညာမည်ဖြစ်သည်။

CNN news

#သုတမြေ #သတင်းစုံ #နိုင်ငံတကာ #ထရမ့်ပ်