၅ နှစ်အတွင်း ရေခဲထုထည် ၂၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့သည့် ဆွစ်ဇာလန်ရေခဲမြစ်များ
ဆွစ်ဇာလန်နိုင်ငံရှိ ရေခဲမြစ်များသည် ၂၀၂၆ ခုနှစ်အတွင်း ရေခဲထုထည် ၅ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပြီး မှတ်တမ်းတင်ထားသမျှအတွင်း ရေခဲအရည်ပျော်မှု အဆိုးရွားဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာကြောင်း သိရသည်။
Swiss Glacier Monitoring Network (GLAMOS) နှင့် Swiss Academy of Sciences ၏ Swiss Commission for Cryosphere Observation တို့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ယခုနှစ်တွင် ဆောင်းရာသီအတွင်း နှင်းကျဆင်းမှုနည်းပါးခဲ့ပြီးနောက် နွေရာသီတွင် စံချိန်တင် အပူချိန်များ မြင့်တက်ခဲ့ခြင်းကြောင့် ရေခဲမြစ်များ အရည်ပျော်မှု ပိုမိုမြန်ဆန်ခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်အတွင်း ဆွစ်ဇာလန်ရေခဲမြစ်များ၏ ရေခဲထုထည်မှာ ငါးပုံတစ်ပုံနီးပါး လျော့ကျခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
ရေခဲမြစ်များ ဆက်လက်လျော့ကျလာမှုသည် အနာဂတ်ရေအရင်းအမြစ်များအပေါ် သက်ရောက်မှုရှိလာနိုင်သလို ဥရောပဒေသရှိ ရေခဲမြစ်များ ရေရှည်တည်တံ့နိုင်မည့် အခြေအနေအပေါ်လည်း စိုးရိမ်မှုများ မြင့်တက်လာစေသည်။
