Logo
Monday, November 9, 2026
Back to Home
International News

ချီလီတွင် ကုန်သေတ္တာထဲမှ ရုပ်ကြွင်း ၂၀၀ ကျော်ဖမ်းဆီးရမိ

By Admin•September 27, 2026
ချီလီတွင် ကုန်သေတ္တာထဲမှ ရုပ်ကြွင်း ၂၀၀ ကျော်ဖမ်းဆီးရမိ

ချီလီအကောက်ခွန်အရာရှိများသည် မဒါဂတ်စကာနိုင်ငံမှ တင်ပို့လာပြီး အိမ်သုံးအလှဆင်ပစ္စည်းများဟု ကြေညာထားသည့် ကုန်သေတ္တာအတွင်းမှ အမ်မိုနိုက်ရုပ်ကြွင်း ၂၀၀ ကျော်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်ကြွင်းများသည် သက်တမ်းနှစ်ပေါင်း ၁၁၀ သန်းခန့် ရှိပြီး တရုတ်နိုင်ငံမှတစ်ဆင့် တင်ပို့လာသည့် ကုန်သေတ္တာအတွင်း ကြိုးများ၊ ဆွဲကြိုးများနှင့် ဖန်အလှဆင်ပစ္စည်းများကြားတွင် ဝှက်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်ကြွင်းများကို မဒါဂတ်စကာနိုင်ငံထုတ် သတင်းစာနှင့် မဂ္ဂဇင်းများဖြင့် ထုပ်ပိုးထားပြီး ချီလီနိုင်ငံ ဆန်အန်တိုနီယို သဘာဝသမိုင်းပြတိုက်မှ ကျွမ်းကျင်သူများက အစစ်အမှန် အမ်မိုနိုက်ရုပ်ကြွင်းများဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အမ်မိုနိုက်များသည် ရေဘဝဲနှင့် ပြည်ကြီးငါးတို့နှင့် ဆက်နွယ်သည့် ပင်လယ်နေသတ္တဝါမျိုးဖြစ်ပြီး လွန်ခဲ့သည့် ၆၆ သန်းခန့်က ဒိုင်နိုဆောများ မျိုးသုဉ်းခဲ့သည့် ကာလအတွင်း မျိုးသုဉ်းပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။

ရုပ်ကြွင်းများ၏ မူလဇာတိနှင့် ပြန်လည်ပေးအပ်ရေးကိစ္စများအတွက် မဒါဂတ်စကာအစိုးရထံ ချီလီအကောက်ခွန်ဌာနက ဆက်သွယ်မေးမြန်းထားကြောင်း သိရသည်။

Reuters

#သတင်းထူးသတင်းဦး #နိုင်ငံတကာ #သုတမြေ