Logo
Monday, November 9, 2026
Back to Home
Local News

ထားဝယ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၉ ဦးခန့် အစုလိုက်မူးမေ့လဲကျ၍ ဆေးရုံပို့ဆောင်ကုသ

By Admin•June 26, 2026
ထားဝယ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၉ ဦးခန့် အစုလိုက်မူးမေ့လဲကျ၍ ဆေးရုံပို့ဆောင်ကုသ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ကျောင်းသူ၊ ကျောင်းသားများ အစုလိုက် မူးမေ့လဲကျမှုဖြစ်ပွားခဲ့ပြီး ထိခိုက်သူများအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ကုသမှုပေးနေကြောင်း သိရသည်။

သတင်းများအရ နံနက် ၉ နာရီဝန်းကျင်တွင် ကျောင်းပင်မဆောင်ရှေ့၌ ကျောင်းကောင်စီအခမ်းအနား ကျင်းပနေစဉ် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးက စတင်၍ မူးမေ့လဲကျခဲ့ပြီးနောက် အခြားကျောင်းသားအချို့တွင်လည်း မူးဝေခြင်းနှင့် လဲကျခြင်းများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် အများစုမှာ Grade 6 နှင့် Grade 7 ကျောင်းသူ၊ ကျောင်းသားများဖြစ်ကြပြီး လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ စောင့်ကြည့်ကုသမှု ခံယူနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကနဦး စာရင်းအရ မူးမေ့လဲကျသူ ၁၉ ဦးခန့်ရှိပြီး လူနာများကို ပို့ဆောင်ရန် အရေးပေါ်လူနာတင်ယာဉ် ၁၀ စီးကျော် အသုံးပြုခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စိုးရိမ်ဖွယ် အခြေအနေမရှိသေးဘဲ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောကြားထားသည်။

ကျောင်းကောင်စီအခမ်းအနားတွင် ကျောင်းကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ခြင်း၊ ကတိသစ္စာပြုခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

#ထားဝယ် #ကျောင်းသား #သုတမြေ #သတင်းထူးသတင်းဦး

See less