ဘုရားသုံးဆူတွင် ဂိုဒေါင်မီးလောင်၊ ထိုင်းဘတ် ၁၀ သန်းခန့် ဆုံးရှုံး

မွန်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ကရင်စုရပ်ကွက်ရှိ ကုန်လှောင်ဂိုဒေါင်တစ်ခု မေ ၁၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်ခဲ့သည့် ဂိုဒေါင်အတွင်း ကားတာယာများ၊ ဓာတ်မြေဩဇာများ၊ အက်ဆစ်ပုံးများ၊ ပိုးသတ်ဆေးများ၊ ဘီယာနှင့် အချိုရည်များ သိုလှောင်ထားကြောင်း သိရသည်။
မီးလောင်မှုမှာ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။ ဒေသတွင်း မီးသတ်အင်အား မလုံလောက်သဖြင့် မီးသတ်အဖွဲ့များနှင့် ဒေသခံများက ရေပုံးများ၊ ရေပိုက်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးမှာ အနီးဝန်းကျင်ရှိ နေအိမ်များသို့ မကူးစက်စေရန် ထိန်းချုပ်နိုင်ခဲ့ပြီး ည ၇ နာရီခန့်တွင် မီးကို ထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိုင်းဘတ်ငွေ ၁၀ သန်းခန့် ဆုံးရှုံးခဲ့ပြီး မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည်ကို အတိအကျ မသိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
#မီးလောင် #သတင်း #သုတမြေ See less
